မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏သြဝါဒ။ အသစ်ကို မကြံလင့်၊ အဟောင်းကို မပြန်လင့်။ ဖြစ်အောင် မပြုလင့်၊ ပျက်အောင် မပြုလင့်။ ဖြစ်တိုင်း ပျက်တိုင်း ထင်အောင်ရှု။ ဖြစ်အောင်ပြု-လောဘ၊ ပျက်အောင်ပြု-ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိ-မောဟ။

သတင်းများ

(၉-၈-၂၀၂၅) ဓမ္မဒါနအလှူရှင် ဗိုလ်ချုပ်ကြီးလှဌေးဝင်း(ငြိမ်း)၏ဓမ္မမိတ်ဆွေများဖြစ်ကြသော ဦးမောင်မောင်အေးမိသားစုမှ ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော သဇ္ဇေတာဝိဓိဝိဿဇ္ဇနာကျမ်းနှင့်အာရမ္ဘာဝိဓိဝိဿဇ္ဇာနာကျမ်းနှစ်အုပ်တွဲ အုပ်(၁၀၀)၊ ဦးသီဟအောင် ဒေါ်သီတာအေးမိသားစုမှ ကျေးဇူးရှင်ရန်ကုန်မူလမင်းကွန်းဆရာတော်ဘုရားကြီးရေးသားတော်မူသော မင်းကွန်းသူဒနီပေါင်းချုပ် အုပ်(၃၀၀)၊ ဗိုလ်မှူးကြီး အေးမြင့်(ငြိမ်း) ဒေါ်စုစုလတ်မိသားစုမှ  ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော ဝိပဿနာဉာဏ်စဥ်ကျမ်းကြီး အုပ်(၂၀၀)၊ မူလမင်းကွန်းဝိပဿနာကမ္မဋ္ဌာန်းဌာနသို့လာရောက်လှူဒါန်းပါသည်။