မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏သြဝါဒ။ အသစ်ကို မကြံလင့်၊ အဟောင်းကို မပြန်လင့်။ ဖြစ်အောင် မပြုလင့်၊ ပျက်အောင် မပြုလင့်။ ဖြစ်တိုင်း ပျက်တိုင်း ထင်အောင်ရှု။ ဖြစ်အောင်ပြု-လောဘ၊ ပျက်အောင်ပြု-ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိ-မောဟ။

သတင်းများ

(၁၈-၄-၂၀၂၅) ဓမ္မဒါနအလှူရှင် ဗိုလ်ချုပ်ကြီးလှဌေးဝင်း(ငြိမ်း)မှ မူလမင်းကွန်းဝိပဿနာကမ္မဋ္ဌာန်းဌာနသို့ ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးရေးသားတော်မူသော သဇ္ဇေတာဝိဓိဝိဿဇ္ဇနာကျမ်းနှင့်အာရမ္ဘာဝိဓိဝိဿဇ္ဇာနာကျမ်းနှစ်အုပ်တွဲ အုပ်(၆၀)လာရောက်လှူဒါန်းပါသည်။